ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

 

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲတစ်ရပ်ကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် အွန်လိုင်းမှတဆင့်ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ Radio NUG၊ Information Technology ဦးစီးဌာန၊ Finance and Administration ဦးစီးဌာန၊ Telecommunications ဦးစီးဌာန၊ BOSC ဌာန တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအတွက် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ချီးကျူးပါကြောင်း ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့သည်။
” ဒီတော်လှန်ရေးမှာ နေ့တွေ ညတွေမရှိဘူး တစ်ရက်မှကိုမနားဘူး ကျွန်တော်တို့အပါအဝင် အားလုံးက အလုပ်လုပ်နေကြတဲ့အတွက်လည်းကျေးဇူးတင်တယ် ဒီလိုလုပ်ခဲ့လို့လဲ နွေဦးတော်လှန်ရေးက ဒီလောက်အထိအောင်မြင်လာတာဖြစ်တယ် ဒါကို အကုန်လုံးအတွက်ကို ချီးကျူးပါတယ် ဂုဏ်လဲယူပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန်တစ်ဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
“ဆက်သွယ်ရေးကဏ္ဍနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ ၂၀၂၃မှာ အခက်အခဲတွေ အများကြီးတွေ့ကြုံခဲ့ရပေမယ့် မြေပြင်မှာရှိတဲ့လူတွေနဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားထုတ်မှုတွေကြောင့် အောင်မြင်ခဲ့တယ် ဒါကြောင့် ၂၀၂၄မှာလည်း အားလုံးစည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်သွားကြမယ် ဒီနေ့တော်လှန်ရေးမှာ ပါဝင်ပေးနေတာဟာ သမိုင်းဝင်မယ့် လုပ်ဆောင်ချက်တွေသာဖြစ်ပါတယ် “ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန်တစ်ဦးမှ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ ဦးစီးများက လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ အောင်မြင်အောင်လုပ်ဆောင်ခဲ့မှုများ၊ မလျှော့သောဇွဲလုံ့လများဖြင့် မရပ်မနားတိုက်ပွဲဝင်ခဲ့ရမှုများ၊ တော်လှန်ရေးကာလအတွင်း နောက်ကွယ်မှ ပြန်ကြားမှု၊ နည်းပညာအပါအဝင် အင်တာနက်ရရှိရေး အောင်မြင်အောင်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့ပြင် ဝန်ကြီးဌာနလက်အောက်တွင် မြေပြင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆက်သွယ်ရေးမြို့နယ်/ခရိုင်တာဝန်ခံများကလည်း မြေပြင်တွင်တွေ့ကြုံရသည့် မပြေလည်မှုများကို စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး လုပ်နိုင်စွမ်းရှိသလောက် ပါဝင်မည်ဖြစ်ကြောင်း၊ ရာထူးဌာနန္တရ အခွင့်အရေးများနှင့် မိသားစုကို စွန့်လွှတ်ကာ ဌာနတွင် ပါဝင်လုပ်ကိုင်ပေးနေသည့် CDM ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ခရိုင်တာဝန်ခံများ၏ တော်လှန်ရေးကာလအတွင်း ပါဝင်လုပ်ဆောင်ခဲ့မှုများကို မှတ်ကျောက်တင်ထားပါကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ တာဝန်ခံတစ်ဦးက ဆက်သွယ်ရေးခက်ခဲမှုကြောင့် သူကြုံတွေ့ခဲ့ရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တခုကို မျှဝေခဲ့ပါသည်။ ထိုအဖြစ်အပျက်မှာ စစ်မြေပြင်တွင် အန္တရာယ်ကြုံကြိုက်နေချိန် ရိက္ခာလာပို့သည့်ရဲဘော်တစ်ဦးအား အချိန်မီမဆက်သွယ်နိုင်သဖြင့် ရန်သူ့လက်ကျရောက်၍ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရမှုများ ဖြစ်ပါသည်။ ထို့ကြောင့် အခုကာလမှာ မြေပြင်တွင် အင်တာနက်ရရှိအောင် ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဝန်ထမ်းများသည် ချစ်ခင်ရင်းနှီးစွာဖြင့် ဉာဏ်စမ်းမေးခွန်းအစီအစဉ်ကို ပျော်ရွှင်စွာကစားခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တော်လှန်ရေးအင်အားစုများကို ထပ်မံကျေးဇူးတင်ရှိပါကြောင်း၊ ခဏတာစိတ်ပျော်ရွှင်မှုနှင့် ဌာနတွင်းစည်းလုံးညီညွတ်မှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း အောင်ပွဲနှင့်အတူပြန်နိုင်ဖို့ ပိုမိုကြိုးစားသွားရမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ထို့နောက်
“အရေးတော်ပုံ အောင်ရမည်” ၃ကြိမ်ကြွေးကြော်ကာ အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

#mocit

Federal Net Campaign

Federal Net Campaign

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ
Federal Net Campaign ကြေညာချက်

Federal Net Campaign ကြေညာချက်

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

 

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍ နိုင်ငံတကာမှ Fundraiser များပူးပေါင်းကာ Pilot Project ဖြစ်သော အင်တာနက်ခက်ခဲသော နယ်မြေ (၅) ခုတွင် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် Federal Net Campaign ကို ပြုလုပ်နေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Campaign ကို နိုဝင်ဘာလ ၂၀ ရက် မှ စတင်၍ ဒီဇင်ဘာလ ၁၉ ရက်ထိ Campaign ကာလ တစ်လတာ ကြာမြင့်မည်ဖြစ်သည်။

Federal Net Campaign ၏အဓိကရည်ရွယ်ချက်မှာ နစ်နာဆုံးရှုံးနေရတဲ့ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဆက်သွယ်ရေး၏ နည်းပညာကဏ္ဍဖြင့် စစ်ရှိန်မြင့်တင်နိုင်ရေး၊ သတင်းအချက်အလက် မြန်ဆန်စွာဖြန့်ဝေနိုင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာယန္တရားများ ပိုမိုလျင်မြန်လုံခြုံစွာ ဆောင်ရွက်နိုင်ရေးတို့အတွက်အထောက်အကူပြုနိုင်ရန်ဖြစ်သည်။

တော်လှန်ရေးအရှိန်အဟုန်မြင့်လာပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသောကြောင့် တိုက်၊ ထိန်း၊ သိမ်းဆိုတဲ့ အဆင့် တိုင်းမှာ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများ အားလုံး အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး၊ သတင်းလုံခြုံစေရေးစသည့် အခန်းကဏ္ဍများတွင် အင်တာနက်သည် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ပါသည်။

တိုက်ပွဲများဖော်ဆောင်နေစဉ်အတွင်း ပြည်သူများ၏ အသက်အန္တရာယ် မထိခိုက်စေရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေး အုပ်ချုပ်မှုအဖွဲ့များမှ ထုတ်ပြန်သောသတိပေးတားမြစ်ချက်များကို သိရှိနိုင်စေရန် အင်တာနက် ဆက်သွယ်ရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့သော လိုအပ်ချက်များကို ဖြည်းဆည်းဆောင်ရွက်နိုင်ရန် Federal Net Campaign ကို ပြုလုပ်ရခြင်း ဖြစ်ပါ သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တန်ဖိုးရှိသော တော်လှန်သူရဲကောင်းများနှင့် ပြည်သူများ၏ အသက်အန္တရာယ်ကို အချိန်မီ ကာကွယ်သတိ‌ပေးနိုင်ရန်နှင့် လုံခြုံစိတ်ချရသောဆက်သွယ်ရေးကွန်ရက်ရရှိနိုင်‌ရန်တို့အတွက်လည်း ဤ Campaign ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် “မြန်ဆန်ချိတ်ဆက် အောင်ပွဲအတွက်၊ ဖက်ဒရယ်နက် အင်တာနက် (ကွန်ရက်)” ဆိုသော ဆောင်ပုဒ်လေးနှင့်အတူ နယ်မြေဒေသအသီးသီးတွင် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ရန် Campaign တွင် ကူညီပါဝင်အားဖြည့်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

 

#FederalNetCampaign

#federalnet

#SpringRevolution

 

 

Federal Net Campaign
ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများနှင့် ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်ခြင်း

ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများနှင့် ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်ခြင်း

MOCIT ဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်ခြင်း

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်

၃၀ စက်တင်ဘာ၊ MOCIT
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှင့် ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ စက်တင်ဘာ ၂၉ရက်နေ့က အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အဆင်မပြေမှုတွေကြားထဲမှ ယနေ့ထိကြံ့ကြံ့ခံပေးနေသော သူရဲကောင်း CDM များကို ဦးစွာကျေးဇူးတင်ကြောင်း၊ စားဝတ်နေရေးအပြင် စစ်ကောင်စီမှ လိုက်လံဖမ်းဆီးမှုများကို ရင်ဆိုင်နေကြရကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှုနှင့် သူမ၏ စံနမူနာ စိတ်ဓတ်များကို ဉပမာပေးပြောကြားခဲ့သည်။
Psychosocial Support အဖြစ် တွေဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ လွတ်လပ်ရေးရချိန်ကစလို့
၆၂ခုနှစ်အာဏာသိမ်းကတည်းက လက်နက်ကိုင်တော်လှန်ရေးစတင်ပေါ်ပေါက်လာကြောင်း ဆက်လက်တိုက်ပွဲဝင်နေကြကြောင်း ၈၈အရေးအခင်းကစလို့တော်လှန်ရေးမှာ ပါဝင်ခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ယှဉ်တွဲပြောကြားခဲ့ပါသည်။
“ကျွန်တော်ကိုယ်တိုင်ကျောင်းသား ဘဝမှာထောင်ကျတယ် ထောင်ကျတဲ့အချိန်မှာ ကျွန်တော့သူငယ်ချင်းဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတယ်’ထောင်တွင်းဆူပူမှုကြောင့် ဆိုပြီးကျနော်အပါ စစ်ခွေးတိုက် ကို ပို့ခံရတယ် နှိပ်စက်ညှင်းပန်းမှုတွေပေါ့ဗျာ”
“ဂဝံကျောက်တွေအပေါ်မှာ လေးဘက်သွားရတယ် ခြေထောက်မှာ ခြေကျင်းခတ်ထားတယ် ခြေကျင်းနှစ်ဘက်ကို သံချောင်းနဲ့ ဟိုဘက်ဒီဘက် ဘားကြီးထည့်ထားတယ် လေးဘက်သွားနေချိန်မှာ နပတ်ဒုတ်တွေနဲ့ အပေါ်ကနေ ကျောကုန်းတွေကို ရိုက်တယ် ဝမ်းတွေဘာတွေမထိန်းနိုင်ဘဲထွက်သွားတဲ့သူတွေပါရှိတယ် နားတွေပင်းကိုယ်လက်အင်ဂါထိခိုက်သည်အထိ နှိပ်စက်ခံရတယ်” ဟု ဝန်ကြီးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှုအခြေအနေများကို အချင်းချင်း ဖေးမကာ ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး CDM ဝန်ထမ်းများ၏ ကဗျာရွတ်ဆိုမှု၊ သီချင်းသီဆိုမှုအစီအစဉ်နှင့် ဝန်ကြီးဌာနနှင့် ဝန်ထမ်းများအချင်းချင်းရင်းရင်းနှီးနှီး စိတ်ခွန်အားဖြည့်စကားများပြောကြားခဲ့ပါသည်။
အစီအစဉ်နောက်ဆုံးအဖြစ် ကံစမ်းမဲများ၊ နွေဦးထီလက်မှတ်များနှင့် လက်ဆောင်ပစ္စည်းတို့ကို မဲဖောက်ကာ အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။
#CDM
#NUG
#MOCIT
News and Event (01/2023)

News and Event (01/2023)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

“MMTV” စတင်စမ်းသပ်ထုတ်လွှင့်ခြင်း

“MMTV” စတင်စမ်းသပ်ထုတ်လွှင့်ခြင်း
14th March 2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ မဟာဗျူဟာ ဆက်သွယ်ရေးဗျူရို Bureau of Strategic Communications (BOSC) အနေဖြင့် NUG နှင့် ပြည်သူများအကြား ၊ NUG နှင့် ကမ္ဘာ့မီဒီယာ အကြား၊ NUG နှင့် နိုင်ငံတကာ အသိုက်အဝန်းချိတ်ဆက်မှုများအကြား ပိုမိုကောင်းမွန်သော ဆက်သွယ်မှုများကို ဖန်တီးနိုင်စေရန် MMTV ၏ သတင်း အစီအစဉ်များကို စတင်စမ်းသပ် ထုတ်လွှင့်မည်ဖြစ်ပါသည်။ တိကျမှန်ကန်ပြီး သက်ဆိုင်ရာ သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူနှင့် နိုင်ငံတံကာမှ အလွယ်တကူ လက်လှမ်းမီနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့် ဖြန့်ချိမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏သတင်းများကို www.mmtvnews.com နှင့် ကျွန်ုပ်တို့၏တရားဝင်လူမှုမီဒီယာပလက်ဖောင်းအမျိုးမျိုးတွင် ကြည့်ရှုဖတ်ရှုနိုင်ပါသည်။

Facebook : https://www.facebook.com/MyanmarTVnews?mibextid=LQQJ4d

Twitter : https://twitter.com/myanmartvnews?s=11&t=ZeBsMSsnjkAXxd6HHvUPlA

Instagram : https://instagram.com/mmtv.news?igshid=YmMyMTA2M2Y=

#MMTV

News and Event (01/2023)

သတင်းနှင့်အဖြစ်အပျက်များ (၀၂/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

Radio NUG စတင်တော့မည်
Radio NUG စတင်တော့မည်
သြဂုတ်လ ၁၈ ရက် ၂၀၂၁


ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Radio NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်တာကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် အဆင်ပြေမပြေ နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီပေးစေချင်ပါတယ်။
နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ (မိနစ်၃၀) စာ တနေ့ကို နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပါတယ်။ ရေဒီယိုကတော့ 10 Band Digital Radio ဆိုရင်ရပါပြီ။ အိမ်တိုင်း တစ်လုံးစီ ဝယ်ထားကြဖို့လဲ တိုက်တွန်းပါတယ်။
#RadioNUG