by Phoe Lone | Jun 5, 2024 | သတင်းများ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) မှ nugmyanmar.org website အား အမြင်သစ်ဖြင့် မိတ်ဆက်ခြင်း
၂၀၂၄ ခုနှစ်၊ ဇွန် ၅ ရက်
ယနေ ဇွန်လ ၅ ရက်နေ့သည် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်မြောက်နေ့ဖြစ်ပါသည်။ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ nugmyanmar.org website အား အမြင်သစ် ပုံစံသစ်ဖြင့် features အသစ်များထည့်ကာ ပြုပြင်ထားပါသည်။ nugmyanmar.org မှ တဆင့် ဝန်ကြီးဌာနများ၏ websites များကိုသွားရန် မူလ website ပုံစံမပြောင်းစေရန် Ministry Menu တွင်ထည့်သွင်းထားပါသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
by Phoe Lone | May 5, 2024 | သတင်းများ
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့်တွင် ဝန်ကြီးဌာန၏ လုပ်ငန်းမှတ်တမ်း
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၈
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ ၃ နှစ်တာ ဆောင်ရွက်အောင်မြင်ခဲ့သော လုပ်ငန်းများနှင့် ဆက်လက်ဖော်ဆောင်မည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ပြည်သူများသို့ အသိပေး ပြောကြားခဲ့ပါသည်။ ဝန်ကြီး၏ ပြောကြားချက်တချို့မှာ
– အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနအသီးသီး၊ တော်လှန်ရေးအင်အားစုများ၊ ရုံးအဖွဲ့ဝင်များနှင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့များသို့ Satellite Internet Terminal များ၊ Satellite Phone များ၊ StarLink များ၊ Radio Mobile & HandHeld များနှင့် အခြားသော ဆက်သွယ်ရေးပစ္စည်းများအား ထောက်ပံ့တပ်ဆင်ပေးနိုင်ခဲ့ခြင်း။
– ဆက်သွယ်ရေးမြေပြင်တာဝန်ခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ EAOs များနှင့် အခြားမိတ်ဖက်အဖွဲ့အစည်း များအား ဆက်သွယ်ရေး စက်ပစ္စည်းများ အသုံးပြုသင်တန်း၊ မြေပြင်အနေအထားအလိုက် ဆက်သွယ်ရေးတပ်ဆင်အသုံးပြုသင်တန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာ သင်တန်းများအား ပို့ချပေးနိုင်ခဲ့ခြင်း။
– ကောလင်းမြို့နယ် အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းအတွက် ဆသ်သွယ်ရေးလုပ်ငန်းများ၊ ရုံးပိုင်းဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း။ – အရေးပေါ်အုပ်ချုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်ပါ နံပါတ် (၁၄) နှင့်အညီ အရေးပေါ်ကာလတွင် ဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ MOCIT မှ ခရိုင်တာဝန်ခံများ၊ ခရိုင် ပေါင်းစပ်ညှိ နှိုင်းရေးကော်မတီမှ တာဝန်ခံများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း။
– Federal Net Campaing ကို ၂၀၂၃၊ နိုင်ဝင်ဘာ (၂၀) ရက်မှ ၂၀၂၄၊ ဇန်နဝါရီ (၁၅) ရက်ထိ လုပ်ဆောင်ခဲ့ပြီး – Federal Net ကွန်ယက် ဖြန့်ကျက်ထားနိုင်မှု မြို့နယ် (၁၂) မြို့နယ်၊ ကျေးရွာ (၁၆) ရွာ ရှိ – မြို့နယ်များ၊ တိုက်နယ်များ၊ ရပ်ကျေးများအထိ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအား ပြန်ကြားပေးခြင်း၊ အစိုးရမှထုတ်ပြန်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ပေါ်လစီများကို အောက်ခြေလူထုကြား ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နိုင်ရန် ထပ်ဆင့်လုပ်ဆောင်ပေးခြင်း၊ လူထုသိလိုသည့် မေးခွန်းများကိုဖြေကြားခြင်း၊ လူထုနှင့် ဌာနအကြား ပေါင်းကူးဆက်သွယ်ပေးခြင်း၊ အရေးပေါ်ကျရောက်နိုင်မည့် လေကြောင်း အန္တရာယ်၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုးမှု အခြေအနေကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များအား ပြည်သူများအချိန်နှင့် တပြေးညီသိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် နှိုးဆော်ခြင်း၊ သတင်းထုတ်လွှင့်ခြင်းလုပ်ငန်းများအပြင် အခြားလိုအပ် သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ကိစ္စရပ် များဆောင်ရွက်ရန်ဖွဲ့စည်းထားခြင်း။
– Radio NUG သည် နံနက် ၈:၃၀ မှ ၉:၀၀ တစ်ကြိမ်၊ ည ၈:၃၀ မှ ၉:၀၀ တစ်ကြိမ်ဖြင့် တစ်ကြိမ်လျှင် နာရီဝက်နှုန်း ထုတ်လွှင့် ပေးလျက်ရှိပြီး။ – BOSC မှ Media Outlet တစ်ခုအနေဖြင့် MMTV သတင်းဌာနကို ထားရှိပြီး အင်္ဂလိပ်ဘာသာဖြင့် သတင်းများနှင့် ရုပ်သံများကို Facebook စာမျက်နှာနှင့် YouTube Channel တို့တွင် ထုတ်လွှင့်လျက်ရှိပြီး။
– အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ (SCPRU) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး။
– ဒီဂျယ်တယ်ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒများအား ဖော်ဆောင်ပေးနိုင်ခြင်း။
– MOHAI အတွက် မွေးစားရင်း Birth Certificate ထုတ်နိုင်ရန် Online Form တခု ပြုလုပ်ပေးခဲ့ပြီး နိုင်ငံရပ်ခြားတွင် မွေးဖွားသည့် မြန်မာနိုင်ငံသားများအား Birth Certificate ထုတ်ပေးနိုင်ခဲ့ပါသည်။
– CDM များလစဉ်ထောက်ပံ့ပေးနိုင်ခဲ့ – CDM များအတွက် “စိတ်ခွန်အားပြည့်တွေ့ဆုံပွဲ” များ ပြုလုပ်ပေးနိုင်ခဲ့ခြင်းတို့ ပြုလုပ်နိုင်ခဲ့ပါသည်။
VIDEO
by Phoe Lone | May 5, 2024 | သတင်းများ
အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဒုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် Charlotte မြို့မှ ဒေသခံမြန်မာတိုင်းရင်းသားများနှင့် တွေ့ဆုံ
၂၀၂၄ ခုနှစ်၊ မေ ၅
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့် မြန်မာတိုင်းရင်းသားများက မေလ ၄ ရက်နေ့မှာ တွေဆုံခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသူများကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး နွေဦးတော်လှန်တော်လှန်ရေး၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် ယခုနွေဦးတော်လှန်ရေး ပြောင်းလဲလာမှု အခြေအနေများသည် နိုင်ငံတကာနှင့် ဆက်သွယ်ရေးတိုးတက်မှုများ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ၏ ထောက်ပို့မှုများကြောင့်ဖြစ်ပြီး ဆက်လက်၍ ပြည်သူလူထုနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ စုစုစည်းစည်း ချီတက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ကြသည်။
တက်ရောက်လာသူများကလည်း တော်လှန်ရေးနှင့်ပတ်သက်သော မေးခွန်းများ၊ NUG အစိုးရ၏ လုပ်ဆောင်နေမှုများနှင့် ပတ်သက်သောမေးခွန်းများကိုမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။
အဆိုပါပွဲကို 1Brick1Sand-Charlotte NC အဖွဲ့က Organize လုပ်ကာ တော်လှန်ရေးရံပုံငွေ ဈေးရောင်းပွဲတော် နှင့်အတူကျင်းပခဲ့ခြင်းဖြစ်သည်။
by Phoe Lone | Feb 16, 2024 | သတင်းများ
သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့် တွေ့ဆုံ
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်။
သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေးအတွက် MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ တွဲဘက်အတွင်းဝန်များ၊ မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications – BOSC )မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်နှင့် ပြန်ကြားရေး CDM များတက်ရောက်ခဲ့ကြပါသည်။
စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမှန်များစီးဆင်းနိုင်မှုအပေါ် နိုင်ငံတကာနှင့် အများပြည်သူသိရှိနိုင်ရေး အရေးကြီးသည့် ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော လစ်လပ်နေရာများအတွက် ပြန်ကြားရေး CDM များနှင့် ပူးပေါင်းဆောင်ရွက်ကာ ပိုမွန်ကောင်းမွန်သည့် လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။
သတင်းမှန်များစီးဆင်းနိုင်ရေးလုပ်ဆောင်ရာတွင် ဗျူဟာမြောက်ပြည်သူ့ဆက်ဆံရေးကို အကျိုးရှိထိရောက်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications – BOSC ) မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်မှ ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ BOSC အနေဖြင့် NUG အစိုးရနှင့် ပြည်သူကြား၊ NUG နှင့် ကမ္ဘာ့မီဒီယာများကြား၊ NUG နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကြားတွင် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနည်းလမ်းများဖန်တီးကာ ပိုမိုကောင်းမွန်သည့် ယုံကြည်မှုတည်ဆောက်နေသည့် အခြေအနေများနှင့် ကတိကဝတ် ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ပန်းတိုင်များကို ရှင်းလင်းပြောကြားပါသည်။
မီဒီယာ၊ ရုပ်သံလိုင်း၊ သတင်းထုတ်ဝေခြင်းကဏ္ဍ၌ လက်ရှိလုပ်ဆောင်နေမှုများနှင့် လိုအပ်လျက်ရှိသည့် တိုင်းရင်းသားဘာသာနှင့် English ဘာသာဖြင့် သတင်းတင်ဆက်မှုလုပ်ငန်းများတွင် ပြန်ကြားရေး CDM များအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးနိုင်ရေး ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေး CDM ပညာရှင်များမှ လိုအပ်သည့်ပညာရပ်များကို ပြန်လည်ပို့ချပေးခြင်းနှင့် တစ်ဦးချင်းစီအလိုက်လုပ်ဆောင်ပေးနိုင်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်သင့်သည်များ ပြည်သူ့ဆက်ဆံရေးကဏ္ဍပိုမိုထိရောက်ကောင်းမွန်လာစေရေးနှင့် လက်တွဲညီညီ ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များချမှတ်ကာ ပြန်ကြားရေး CDM များနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
#MOCIT
#NUG
by Phoe Lone | Feb 5, 2024 | သတင်းများ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကျင်းပ
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ CDM Success Committee ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CDM သူရဲကောင်းများတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းမှာ နေထိုင်ကြရသည့် CDM များ၏ အခက်အခဲများကို များစွာစာနာ ပါကြောင်း၊ ယခုအချိန်ထိ ကြံ့ကြံ့ခံဇွဲရှိရှိဖြင့်ပါဝင်ပေးနေသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုအခါ စနစ်ပြောင်း ကာလဖြစ်သည့်အတွက် အချိန်ကာလကြာမြင့်ခဲ့ကြောင်း၊ ရက်စက်သည့် အာဏာရှင်ဖြင့် ရင်ဆိုင်နေရသဖြင့် ယနေ့ထိတော်လှန်ရေးတွင် ပါဝင်ပေးနေသည့်အတွက် များစွာလေးစားမိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ CDM အောင်နိုင်ရေးကော်မတီ (CDM Success Committee) ကိုယ်စား တက်ရောက်ချီးမြှင့်ပေးပါသော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ CDM တွေ့ဆုံပွဲကို ဖိတ်ကြားခံရသည့်အတွက် များစွားဝမ်းမြောက်မိပါကြောင်း၊ ၃ နစ်ကြာသည့်တိုင် အခက်ခဲများကြားမှ CDM ကို ယုံကြည်ချက် ကြောင့်ပြုလုပ်နေကြသည့်အတွက် အားလုံးကို အလေးပြုပါကြောင်း၊ ယခု ၃ နှစ်သည် ရက်စက်ကြမ်းကြုတ်သည့် နှစ်များဖြစ်ပါကြောင်း၊ CDM များ၏ သတ္တိကို ကမ္ဘာကအသိအမှတ်ပြုလောက်သည့်အထိ ပြသနိုင်ခဲ့ပါကြောင်း၊ နွေဦးတော်လှန်ရေးတွင် CDM လှုပ်ရှားမှုသည်ဦးဆုံးဖြစ်ပါကြောင်း၊ ယင်းအရှိန်အဟုန်မှတဆင့် တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လျက်ပါဝင်လာကြသည်ဖြစ်ကြောင်း၊ CDM ဆိုသည်မှာ ခေတ်အဆက်ဆက်တွင်မရှိခဲ့ကြောင်း၊ အခွင့်အရေးတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနာဂတ်တစ်ခုလုံးပြောင်းလဲမှုတွင် သားစဉ်မြေးဆက်အတွက် ဂုဏ်ယူစရာဖြစ်ရပ် ဖြစ်ပါကြောင်း၊ သမိုင်းကိုရေးနေခြင်းဖြစ်ကြောင်း၊ သွေးချွေးအသက်များဖြင့် အချို့ CDM များမှာ နိုင်ငံ့သူရဲကောင်းအဖြစ် အသက်ပေးလှူသွားကြပြီဖြစ်ကြောင်း၊ နိုင်ငံကိုချစ်သည့် အနာဂတ်ကိုဖာထေးနေသည့်သူများဖြစ် ကြောင်း၊ အနာဂတ်တစ်ခုလုံးသည် ဆရာဆရာမတို့လက်ထဲတွင်ရှိကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ Rebuilding တွင်ပါဝင်နိုင်ရေး မဟာဗျူဟာရေးဆွဲထားပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများရရှိနိုင်ရေးအစွမ်းကုန်ကြိုးစားနေပါကြောင်း စိတ်ခွန်အားဖြည့် အမှာစကားပြောကြားခဲ့ပါ သည်။
ထို့နောက် CDM ဝန်ထမ်းများမှ ယခုလိုပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခွင့်ရသဖြင့် များစွာကျေးဇူးတင်ကြာင်း၊ စိတ်ခွန်အားများရရှိပါကြောင်းနှင့် ဝန်ကြီးဌာနမှဖွင့်လှစ်ပေးသည့် သင်တန်းတက်ရောက်နိုင်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်များ၊ ထောက်ပံ့ငွေအစီအစဉ်များ၊ CDM ရေးရာကိစ္စရပ်များနှင့်ဆက်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး စိတ်အားတက်ကြွစေသည့် တေးသီချင်းများသီဆိုခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ ကံစမ်းမဲအစီစဉ်များပြုလုပ်ခြင်း၊ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းတို့ကို ရင်းရင်းနှီးနှီးပြုလုပ်ခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် “အရေးတော်ပုံ အောင်ရမည်” ၃ ကြိမ်ရွတ်ဆိုကာ တွေ့ဆုံပွဲကို ရပ်နားခဲ့ပါသည်။
လတ်တလော မှတ်ချက်များ