News and Event (02/2021)

သတင်းနှင့်အဖြစ်အပျက်များ (၀၂/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

Radio NUG စတင်တော့မည်
Radio NUG စတင်တော့မည်
သြဂုတ်လ ၁၈ ရက် ၂၀၂၁


ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Radio NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်တာကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် အဆင်ပြေမပြေ နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီပေးစေချင်ပါတယ်။
နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ (မိနစ်၃၀) စာ တနေ့ကို နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပါတယ်။ ရေဒီယိုကတော့ 10 Band Digital Radio ဆိုရင်ရပါပြီ။ အိမ်တိုင်း တစ်လုံးစီ ဝယ်ထားကြဖို့လဲ တိုက်တွန်းပါတယ်။
#RadioNUG
News and Event (02/2021)

သတင်းနှင့်အဖြစ်အပျက်များ (၀၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုဝန်ကြီး နှင့် တွေ့ဆုံခြင်း

၂၀၂၁ တွေ့ဆုံခြင်းများ

ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှင့် တွေ့ဆုံခြင်းများ

CRPH ၏ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်၏တာဝန်များကိုထမ်းဆောင်နေစဉ်အတွင်း ပြည်သူ များနှင့်တွေ့ဆုံခြင်း