မိတ်ဆက်
အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး နိုင်ငံသားတို့၏အခြေခံအခွင့်အရေးဖြစ်သော အင်တာနက်သုံးစွဲမှုများ ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်သာသုံးစေခြင်း၊ လူမှုကွန်ယက်သုံးစွဲမှုများအား ပိတ်ပင်တားမြစ်ခြင်းတို့ကိုပြုလုပ် လျက်ရှိသည်။ ပြည်သူလူထုထံ သတင်းမှန်ရောက်ရှိစေရန် တင်ဆက်ပေး နေသည့် သတင်း မီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုများကို အကြမ်းဖက်စစ်ကောင်စီမှ ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ကို ၂၀၂၀ ပြည့်နှစ် တွင်ကျင်းပခဲ့သောပါတီများအားလုံး ၏ ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ်အရပြည်သူ့လုပ်ပိုင်ခွင့်အာဏာဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကဖွဲ့စည်းခဲ့သည်။
ကြားကာလအတွင်း ပြည်သူတို့၏ နေ့စဥ်ဘဝတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အသုံးပြုမှုများ လွယ်ကူချောမွေ့စေရေး၊ သတင်းမီဒီယာများလွတ်လပ်ခွင့်နှင့် အနာဂတ်တွင် နည်းပညာ အခန်းကဏ္ဍ စနစ်တကျနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော အခြေခံအုတ် မြစ်များချမှတ်နိုင်ရေးတို့မှာ လိုအပ်လျက်ရှိသည်။အဆိုပါလိုအပ်ချက်များကို လျင်မြန်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရမှ ဇွန်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်တွင် “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန” အားဖွဲ့စည်းခဲ့သည်။

ဦးတည်ချက်
စိတ်ချလုံခြုံ၍ အရည်အသွေးပြည့်၀ပြီး လူတိုင်းသုံးစွဲနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဖြည့်တင်းပေးနိုင်သော၊ ပြည်သူလူထု၏ အခြေခံသိပိုင်ခွင့်ရရှိစေရန် လွတ်လပ်သည့် သတင်းနှင့်မီဒီယာဖွံ့ဖြိုးမှုအား အားပေးနိုင်သော၊ နိုင်ငံသားများ၏ ဒီဂျစ်တယ်စွမ်းရည်အား မြှင့်တင်ပေးနိုင်သော၊ အစိုးရနှင့် အများပြည်သူကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍများအား ပေါင်းစည်း ပေးနိုင်သော၊ Green Technology ရေးရာမူဝါဒများအား ကြပ်မတ်ဆောင်ရွက် ပေးနိုင်သော၊ ဒီဂျစ်တယ်ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒများအား ဖော်ဆောင်ပေးနိုင်သော ဒီမိုကရေစီပြည့်ဝသည့် SMART နိုင်ငံတော်တစ်ရပ်ကို စိတ်ချလုံခြုံရသည့် နည်းပညာများ၊ အခြေခံ အဆောက်အအုံများဖြင့် တည်ဆောက်ရန်။

မျှော်မှန်းချက်
ဒီဂျစ်တယ်စွမ်းအားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအားပြန်လည်ဖော်ဆောင်အံ့
ဖက်ဒရယ်ဒီမိုကရေစီအစိုးရ၏ ခေတ်သစ်တစ်ခုအား ခေတ်မီနည်းပညာတို့ကိုအသုံးပြုလျက် SMART နိုင်ငံတစ်ခုဖြစ်စေရန် တည်ထောင်အံ့

စံတန်ဖိုးများ
အဖွဲ့အစည်းစိတ်ဓါတ် – Promoting “Teamwork” through cohesion
ဒီဂျစ်တယ်စွမ်းရည် – “Digital Empowerment” serves as a stepping stone towards a SMART nation
တွေးခေါ်တီထွင်မှုစွမ်းအား – Cultivation of “Creative Mindset” through digital innovation
ဘက်စုံမူဝါဒများ – Guided by “Holistic Principles”