ကျွန်တော်တို့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။
အကြမ်းဖက်စစ်တပ် (တပ်မတော်) သည် ပြည်သူလူထုမပါပဲ ဘယ်အစိုးရမှ မအောင်မြင်နိုင်တာ၊ ဘယ်စစ်ရေးမှ မအောင်မြင်နိုင်တာကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့ မှာပါ။
အောင်ပွဲခံဖို့ လက်တကမ်းအလိုမှာ ပြည်သူတရပ်လုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကျွန်တော်တို့နဲ့အတူ ပူပေါင်းပါဝင်ပြီး ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ တိုက်ပွဲဝင်ကြရပါမယ်။
အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်ကြတဲ့အခါ ငွေကြေး၊ နည်းပညာက အစ ပြည်သူလူထုရဲ့ ပြင်းပြတဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့အတူ ကျွန်တော်တို့ လက်တွဲပြီး အောင်မြင်မှု ပန်းတိုင်ကို အတူတကွသွားကြမယ်။

ဦးတည်ချက်
ဆက်ဖတ်ရန်
စိတ်ချလုံခြုံ၍ အရည်အသွေးပြည့်၀ပြီး လူတိုင်းသုံးစွဲနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဖြည့်တင်းပေးနိုင်သော၊ ပြည်သူလူထု၏ အခြေခံသိပိုင်ခွင့်ရရှိစေရန် လွတ်လပ်သည့် သတင်းနှင့်မီဒီယာဖွံ့ဖြိုးမှုအား အားပေးနိုင်သော၊ နိုင်ငံသားများ၏ ဒီဂျစ်တယ်စွမ်းရည်အား မြှင့်တင်ပေးနိုင်သော၊ အစိုးရနှင့် အများပြည်သူကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍများအား ပေါင်းစည်း ပေးနိုင်သော၊ Green Technology ရေးရာမူဝါဒများအား ကြပ်မတ်ဆောင်ရွက် ပေးနိုင်သော၊ ဒီဂျစ်တယ်ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒများအား ဖော်ဆောင်ပေးနိုင်သော ဒီမိုကရေစီပြည့်ဝသည့် SMART နိုင်ငံတော်တစ်ရပ်ကို စိတ်ချလုံခြုံရသည့် နည်းပညာများ၊ အခြေခံ အဆောက်အအုံများဖြင့် တည်ဆောက်ရန်။

မျှော်မှန်းချက်
ဆက်ဖတ်ရန်
- ဒီဂျစ်တယ်စွမ်းအားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအားပြန်လည်ဖော်ဆောင်အံ့
- ဖက်ဒရယ်ဒီမိုကရေစီအစိုးရ၏ ခေတ်သစ်တစ်ခုအား ခေတ်မီနည်းပညာတို့ကိုအသုံးပြုလျက် SMART နိုင်ငံတစ်ခုဖြစ်စေရန် တည်ထောင်အံ့

စံတန်ဖိုးများ
ဆက်ဖတ်ရန်
အဖွဲ့အစည်းစိတ်ဓါတ် - ပူးပေါင်း ဆောင်ရွက်မှုအားဖြင့် “အဖွဲ့အစည်းစိတ်ဓါတ်” အား မြှင့်တင်မည်။
ဒီဂျစ်တယ်စွမ်းရည် - SMART နိုင်ငံတော်ဆီ သို့ ဒီဂျစ်တယ်စွမ်းရည်ဖြင့် လှမ်းချီမည်။
တွေးခေါ်တီထွင်မှုစွမ်းအား - ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဖြင့် တွေးခေါ်တီထွင်မှုစွမ်းအား အားမြှင့်တင်မည်။
ဘက်စုံမူဝါဒများ - ဘက်စုံမူဝါဒများဖြင့် လမ်းညွှန်မှုထားရှိပါမည်။
ဆက်သွယ်ရန်
နောက်ဆုံးရသတင်းများ
SmartGov Facebook Page ဖွင့်လှစ်ခြင်း
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ SmartGov Facebook Page အသစ်ဖွင့်လှစ်ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်။...
Phishing Website များအသိပေးခြင်း
Phishing Website များအသိပေးခြင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။ လက်ရှိတွင် nugmyamnar.org အမည်ဖြင့် Website အတုများပြုလုပ်၍...
MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီးစမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်အသိပေး
MOCITရဲ့ITဌာနကနေ VPN တခုကို ဖန်တီးနိုင်ခဲ့ပြီးစမ်းသပ်ကာလအနေနဲ့ လူဦးရေ ၁၀၀၀ စတင်သုံးစွဲနေကြောင်း...