Phishing Website များအသိပေးခြင်း

Phishing Website များအသိပေးခြင်း

Phishing Website များအသိပေးခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

လက်ရှိတွင် nugmyamnar.org အမည်ဖြင့် Website အတုများပြုလုပ်၍ အချက်အလက်များ လိမ်လည်ရန် ကြိုးပမ်းလျှက်ရှိသည်ကို သိရှိရပါသည်။
ထိုကဲ့သို့ Security Awareness ရှိစွာ Report များပေးပို့လာသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းအား လွန်စွာကျေးဇူးတင်ရှိပါသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် Phishing အကြောင်းအရာ များအားပြည်သူများသိရှိစေရန်အတွက် MOCIT ၏ https://mocit.nugmyanmar.org/innovation-hub/ ဝဘ်ဆိုဒ်နှင် MOCIT ၏ Youtube https://www.youtube.com/watch?v=Ertkn_JKwZc တွင် ဖော်ပြထားသည့်အပြင် Awareness Training များကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

လက်ရှိတွင် ကျန်ုပ်တို့အနေဖြင့် သက်ဆိုင်ရာ Hosting Provider နှင့် Domain Provider များအား တိုင်ကြားထားပြီး ၎င်းတို့နှင့်အတူတကွ ဖြေရှင်းဆောင်ရွက်နေပြီဖြစ်ပါသည်။ အတုအယောင် website ကို access လုပ်၍မရရှိစေရေးအတွက်လည်း ဆောင်ရွက်ပြီးဖြစ်ပါသည်။
ယခု Phishing ကြောင့်မည်သည့် data များမှ ပါသွားခြင်း မရှိသည့်အတွက် ထိတ်လန့်ကြောက်ရွံ့ခြင်း (Panic) မဖြစ်စေဖို့ပြောကြားလိုပါသည်။

ထိတ်လန့်ကြောက်ရွံ့ခြင်း (Panic) ကြောင့် security awareness ကို သတိလက်လွတ်ဖြစ်စေတတ်သည့်အတွက် ပြည်သူများအနေဖြင့် Panic မဖြစ်ပဲ NUG ၏ တရားဝင် Domain ကို Security Awareness ရှိစွာဖြင့် စစ်ဆေးပြီး အသုံးပြုကြစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။
NUG ၏ တရားဝင် Domain မှာ nugmyanmar.org ဖြစ်ပါသည်။
အတု nugmyamnar.org တွင် n နှင့် m ကို နေရာလွဲထားပါသည်။
အလားတူ မျက်စိအမြင်မှားစရာ အက္ခရာ ရှေ့နောက် ရွေ့ထားနိုင်တာကြောင့် nugmyanmar.org အတိအကျ ဟုတ် မဟုတ် သတိထားကြဖို့ တိုက်တွန်းအပ်ပါသည်။

သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာန
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG
#MOCIT

Federal Net Campaign

Federal Net Campaign

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ
Federal Net Campaign ကြေညာချက်

Federal Net Campaign ကြေညာချက်

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

 

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍ နိုင်ငံတကာမှ Fundraiser များပူးပေါင်းကာ Pilot Project ဖြစ်သော အင်တာနက်ခက်ခဲသော နယ်မြေ (၅) ခုတွင် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် Federal Net Campaign ကို ပြုလုပ်နေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Campaign ကို နိုဝင်ဘာလ ၂၀ ရက် မှ စတင်၍ ဒီဇင်ဘာလ ၁၉ ရက်ထိ Campaign ကာလ တစ်လတာ ကြာမြင့်မည်ဖြစ်သည်။

Federal Net Campaign ၏အဓိကရည်ရွယ်ချက်မှာ နစ်နာဆုံးရှုံးနေရတဲ့ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဆက်သွယ်ရေး၏ နည်းပညာကဏ္ဍဖြင့် စစ်ရှိန်မြင့်တင်နိုင်ရေး၊ သတင်းအချက်အလက် မြန်ဆန်စွာဖြန့်ဝေနိုင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာယန္တရားများ ပိုမိုလျင်မြန်လုံခြုံစွာ ဆောင်ရွက်နိုင်ရေးတို့အတွက်အထောက်အကူပြုနိုင်ရန်ဖြစ်သည်။

တော်လှန်ရေးအရှိန်အဟုန်မြင့်လာပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသောကြောင့် တိုက်၊ ထိန်း၊ သိမ်းဆိုတဲ့ အဆင့် တိုင်းမှာ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများ အားလုံး အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး၊ သတင်းလုံခြုံစေရေးစသည့် အခန်းကဏ္ဍများတွင် အင်တာနက်သည် မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်ပါသည်။

တိုက်ပွဲများဖော်ဆောင်နေစဉ်အတွင်း ပြည်သူများ၏ အသက်အန္တရာယ် မထိခိုက်စေရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေး အုပ်ချုပ်မှုအဖွဲ့များမှ ထုတ်ပြန်သောသတိပေးတားမြစ်ချက်များကို သိရှိနိုင်စေရန် အင်တာနက် ဆက်သွယ်ရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့သော လိုအပ်ချက်များကို ဖြည်းဆည်းဆောင်ရွက်နိုင်ရန် Federal Net Campaign ကို ပြုလုပ်ရခြင်း ဖြစ်ပါ သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး တန်ဖိုးရှိသော တော်လှန်သူရဲကောင်းများနှင့် ပြည်သူများ၏ အသက်အန္တရာယ်ကို အချိန်မီ ကာကွယ်သတိ‌ပေးနိုင်ရန်နှင့် လုံခြုံစိတ်ချရသောဆက်သွယ်ရေးကွန်ရက်ရရှိနိုင်‌ရန်တို့အတွက်လည်း ဤ Campaign ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် “မြန်ဆန်ချိတ်ဆက် အောင်ပွဲအတွက်၊ ဖက်ဒရယ်နက် အင်တာနက် (ကွန်ရက်)” ဆိုသော ဆောင်ပုဒ်လေးနှင့်အတူ နယ်မြေဒေသအသီးသီးတွင် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ရန် Campaign တွင် ကူညီပါဝင်အားဖြည့်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

 

#FederalNetCampaign

#federalnet

#SpringRevolution

 

 

Federal Net Campaign
Announcement (4/2021)

ကြေညာချက်အမှတ် (၄/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)

ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)
၂၀၂၁ ခုနှစ် သြဂုတ်လ ၃ ရက်
 
 

Announcement (4/2021)

ကြေညာချက်အမှတ် (၃/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

Corona Virus Disease 2019 (COVID 19) ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း အမျိုးသားကျန်းမာရေးကော်မရှင် ကို ဖွဲ့စည်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် (၃/၂၀၂၁)
ဇူလှိုင် လ (၈) ရက်၊ ၂၀၂၁
———————————————-
Corona Virus Disease 2019 (COVID 19) ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း အမျိုးသားကျန်းမာရေးကော်မရှင် ကို ဖွဲ့စည်းခြင်း
———————————————-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွှတ်ရေးအစိုးရသည် Corona Virus Disease 2019 (COVID 19) ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း အမျိုးသားကျန်းမာရေးကော်မရှင်အား ဖွဲ့စည်းခဲ့သည်။

Announcement (4/2021)

ကြေညာချက်အမှတ် (၂/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအတွက်ကော်မရှင်ဖွဲ့စည်းခြင်း

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၂/၂၀၂၁)
ဇူလှိုင် လ (၁) ရက်၊ ၂၀၂၁
———————————————-
လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအတွက်ကော်မရှင်ဖွဲ့စည်းခြင်း
———————————————-
ကယ်ဆယ်ရေးလုပ်ငန်းများဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာလမ်းညွှန်ချက်များချမှတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ရန်နှင့်မြန်မာနိုင်ငံသည်သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြုံတွေ့နေရချိန်တွင်အရေးပေါ်တုန့်ပြန်မှုများပြုလုပ်ရန်၊ အမျိုးသားစည်းလုံးညီညွှတ်ရေးအစိုးရသည်အောက်ဖော်ပြပါလူပုဂ္ဂိုလ်များနှင့်အတူလူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မရှင်ကိုထူထောင်သည်။ ကော်မရှင်သည်အဖွဲ့ဝင်များကိုတိုးချဲ့ပြီးလုပ်ငန်းကော်မတီများကိုလိုအပ်ပါကဖွဲ့စည်းလိမ့်မည်။

တက္ကဆက်ပြည်နယ် Lewisville မြို့တွင် အမျိုးသားညီးညွှတ်ရေးအစိုးရ ဝန်ကြီးများနှင့်အတူ MOCIT ဝန်ကြီးမှ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ

တက္ကဆက်ပြည်နယ် Lewisville မြို့တွင် အမျိုးသားညီးညွှတ်ရေးအစိုးရ ဝန်ကြီးများနှင့်အတူ MOCIT ဝန်ကြီးမှ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

တက္ကဆက်ပြည်နယ် Lewisville မြို့တွင် အမျိုးသားညီးညွှတ်ရေးအစိုးရ ဝန်ကြီးများနှင့်အတူ MOCIT ဝန်ကြီးမှ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ ​

တက္ကဆက်ပြည်နယ် Lewisville မြို့တွင် အမျိုးသားညီးညွှတ်ရေးအစိုးရ ဝန်ကြီးများနှင့်အတူ MOCIT ဝန်ကြီးမှ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ
 
၂၀၂၃ ခုနှစ်၊ ဇူလိုင် (၇) ရက်နေ့ က တက္ကဆက်ပြည်နယ် Lewisville မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီးဦးဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်နှင့် လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး တို့သည် တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့ကြသည်။
 
“သုညက စခဲ့တဲ့တော်လှန်ရေးဟာ ၅၀ % ကျော် ဒီအခြေအနေထိရောက်ရှိလာတာက အားလုံးကြိုးပမ်းခဲ့ကြတဲ့ ရလာဒ်တွေဖြစ်တာကြောင့် ဆက်လက်ကြိုးစားကြဖို့လိုပါတယ်။ ဒီကို ရောက်လာကြတဲ့ သူတွေအားလုံးက NUG ကို ယုံကြည်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ရင်ဘတ်ခြင်းတူပြီးရောက်လာကြတဲ့သူတွေလို့ ယုံကြည်ပါတယ်။ ပြည်သူတွေက ရေလောင်းနေတဲ့ သစ်ပင်ကြီးဟာဆိုရင်ဖြစ် ခုဆို ၇၀% ရှင်သန်ကြီးထွားနေတဲ့ တိုင်းရင်းသားပေါင်းစုံ လာရောက်နားခိုနိုင်ဖို့ စိုက်ပျိုးထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် သစ်ပင်ကြီးဖြစ်နေပါပြီ။ ဒီ သစ်ပင်ကြီးကို ရေများများလောင်းဖို့လိုပါတယ်။ တော်လှန်ရေး Strategy (၆) ခုနှင့် အတူ တော်လှန်ရေးကြီးသေချာပေါက်နိုင်ကို နိုင်ရမည်” ဟု ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးများမှလည်း မိန့်ခွန်းများကို ဆက်လက်ပြောကြားခဲ့ကြပါသည်။
 
#mocit
#nug
#နွေဦးတော်လှန်ရေး_မုချအောင်ရမည်
#springrevolution