“MMTV” စတင်စမ်းသပ်ထုတ်လွှင့်ခြင်း
“MMTV” စတင်စမ်းသပ်ထုတ်လွှင့်ခြင်း
14th March 2023
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ မဟာဗျူဟာ ဆက်သွယ်ရေးဗျူရို Bureau of Strategic Communications (BOSC) အနေဖြင့် NUG နှင့် ပြည်သူများအကြား ၊ NUG နှင့် ကမ္ဘာ့မီဒီယာ အကြား၊ NUG နှင့် နိုင်ငံတကာ အသိုက်အဝန်းချိတ်ဆက်မှုများအကြား ပိုမိုကောင်းမွန်သော ဆက်သွယ်မှုများကို ဖန်တီးနိုင်စေရန် MMTV ၏ သတင်း အစီအစဉ်များကို စတင်စမ်းသပ် ထုတ်လွှင့်မည်ဖြစ်ပါသည်။ တိကျမှန်ကန်ပြီး သက်ဆိုင်ရာ သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူနှင့် နိုင်ငံတံကာမှ အလွယ်တကူ လက်လှမ်းမီနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့် ဖြန့်ချိမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏သတင်းများကို www.mmtvnews.com နှင့် ကျွန်ုပ်တို့၏တရားဝင်လူမှုမီဒီယာပလက်ဖောင်းအမျိုးမျိုးတွင် ကြည့်ရှုဖတ်ရှုနိုင်ပါသည်။
Facebook : https://www.facebook.com/MyanmarTVnews?mibextid=LQQJ4d
Twitter : https://twitter.com/myanmartvnews?s=11&t=ZeBsMSsnjkAXxd6HHvUPlA
Instagram : https://instagram.com/mmtv.news?igshid=YmMyMTA2M2Y=
#MMTV