ဘော်စတွန်မြို့တွင် အမေရိကန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပြည်ထောင်စုဝန်ကြီး သွားရောက်တွေ့ဆုံ

ဘော်စတွန်မြို့တွင် အမေရိကန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပြည်ထောင်စုဝန်ကြီး သွားရောက်တွေ့ဆုံ

ဘော်စတွန်မြို့တွင် အမေရိကန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပြည်ထောင်စုဝန်ကြီး သွားရောက်တွေ့ဆုံ

ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့။

ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်သည် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် နွေဦးတော်လှန်ရေးကို အမြဲထောက်ပို့ကူညီနေကြသော တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်သူလူထုတစ်ရပ်လုံးတော်လှန်နေသော တရားသောတော်လှန်စစ်အောင်မြင်ရမည့်အကြောင်းများနှင့် ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသားအများအပြား တက်တက်ကြွကြွ ထောက်ပို့နေမှုများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့သည်။

ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်အာဏာရှင်နှင့်အပေါင်းအပါမျာကို ခုခံတော်လှန်စစ်ဆင်နွှဲနေရသည့် အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ရေးဆိုင်ရာကိစ္စ ဖြစ်ပေါ်တိုးတက်မှုများ ကုလသမဂ္ဂတွင်တရားဝင်ပြောကြားခဲ့မှုများကိုရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါပွဲသို့ ဘော်စတွန်နှင့်အနီးတစ်ဝိုက်ပြည်နယ်များမှ တိုင်းရင်းသားညီအကိုမောင်နှမများ ကျောင်းသားကျောင်းသူများ ထောက်ပို့ပြည်သူများ အများအပြားတက်​ရောက်ခဲ့ကြပြီး မေခွန်းများအပြန်အလှန် မေးမြန်းကာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

#MoCIT
#NUG

အမေရိကန်နိုင်ငံတွင်ကျင်းပသည့် ၁၅ ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆ နှစ်မြောက် ၈၈၈၈ အောက်မေ့ဘွယ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

အမေရိကန်နိုင်ငံတွင်ကျင်းပသည့် ၁၅ ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆ နှစ်မြောက် ၈၈၈၈ အောက်မေ့ဘွယ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

အမေရိကန်နိုင်ငံတွင်ကျင်းပသည့် ၁၅ ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆ နှစ်မြောက် ၈၈၈၈ အောက်မေ့ဘွယ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

ရက်စွဲ။ ဩဂုတ် ၁၃ ရက်၊ ၂၀၂၄ ခုနှစ်

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘက်ဖလိုမြို့တွင် ၁၅ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆နှစ်မြောက် ၈၈၈၈အောက်မေ့ဘွယ်အခမ်းအနားကို ဩဂုတ်လ ၃ရက်နေ့တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် “ခွပ်ဒေါင်းအလံတော်ဆိုတာက ခေတ်အဆက်ဆက် တော်လှန်ရေးအင်အားစုတွေ၊ ကျောင်းသားအင်အားစုတွေကိုင်စွဲခဲ့ကြတဲ့ အလံတော်ဖြစ်တယ်။ အဖွဲ့အစည်းတွေအများကြီးပြောင်းသွားခဲ့တယ်၊ တော်လှန်ရေးတွေအများကြီးပြောင်းသွားခဲ့တယ်၊ ဒီအလံတော်ကတော့မပြောင်းလဲဘူး။ ဒီအလံတော်ရဲ့ရှေ့၊ ဒီအလံတော်အောက်မှာ ကျွန်တော်တို့တွေ တိုက်ပွဲဝင်ခဲ့ကြတာ ခေတ်အဆက်ဆက်ရှိခဲ့ပြီ။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဒီအလံတော်ကတော့ အခုအချိန်ထိ တိုက်ပွဲဆက်လက်ဝင်နေရတုန်းပဲဖြစ်တယ်။ မျိုးဆက်ဟောင်းတွေကနေ မျိုးဆက်သစ်တွေထိ လက်ဆင့်ကမ်းပြီး ကျွန်တော်တို့တွေ အလံမလှဲဘဲနဲ့ တိုက်ပွဲဝင်နေကြတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ” ဒီအလံတော်ကိုကျွန်တော်တို့က တော်လှန်ရေးအလံတော်ကနေ အောင်နိုင်ရေးအလံတော်အဖြစ်ကိုသွားဖို့အတွက် နောင်နှစ်ခါဒီအလံတင်တဲ့အချိန်မှာ အောင်နိုင်ရေးအလံအဖြစ်မြင်ဖို့အတွက် ကျွန်တော်တို့ရဲ့အင်အားစုတွေအားလုံးလိုအပ်တယ်။ လူမျိုးဘာသာအသားရောင်တွေမလိုအပ်ဘူး။ အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဖက်ဒရယ်စနစ်ကိုသွားဖို့အတွက် မြန်မာနိုင်ငံမှာလွှင့်တင်သလို ဒီနိုင်ငံမှာလဲလွှင့်တင်နိုင်မယ်လို့ယုံကြည်ပါတယ်။ ပြည်တွင်းပြည်ပအားလုံးပူးပေါင်းပြီးတော့ဒီအလံတော်ကို အောင်ပွဲဝင်အလံဖြစ်အောင်ကြိုးစားကြမယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်”ဟု အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အပြင် ဘက်ဖလိုမြို့၊ ဒုတိယမြို့တော်ဝန်၊ အမေရိကန်ရောက်ပြည်ပနိုင်ငံဖွားများရုံး(ONA) ၏ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကြွေးကြော်ကာ ၁၅ကြိမ်မြောက် ခွပ်ဒေါင်းအလံတင်အခမ်းအနားနှင့် ၃၆နှစ်မြောက် ၈၈၈၈အောက်မေ့ဘွယ်အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

#mocit
#NUG

ဘော်စတွန်မြို့တွင်ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

ဘော်စတွန်မြို့တွင်ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

ဘော်စတွန်မြို့တွင်ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်

၂၀၂၄ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့တွင် ကျရောက်သည့် ၁၅ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့ နယူးအင်္ဂလန်ဌာနခွဲ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု အမှာစကားပြောကြားရာတွင် မည်သည့်ကူညီထောက်ပံ့မှုမပါဘဲ အသင်းအဖွဲ့ကြီးကို ၁၅နှစ်တိုင် ထိန်းသိမ်းနိုင်ခဲ့သလို တစ်ကမ္ဘာလုံးရှိ မြန်မာပြည်သူများအတွက် အခန်းကဏ္ဍပေါင်းများစွာကို နိုင်ငံအသီးသီးက မြန်မာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို ဂုဏ်ယူပါကြောင်း၊ အရည်အချင်းပြည့်မှီစေရန် လူငယ်နှင့်လူကြီးပူးပေါင်းဆောင်ရွက်နေသည့် အသင်းကြီး အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ အာဏာသိမ်းစမှစ၍ နယ်စပ်ဒေသတွင်နေထိုင်ကာ အသင်းကြီးအတွက် ပါဝင်နေသူများကို လေးစားဂုဏ်ယူပါကြောင်း၊ ထို့အပြင် အသင်းကြီးအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ယနေ့အချိန်အထိ ပါဝင်ပေးခဲ့ကြသည့်အတွက် လေးစားတန်ဘိုးထားပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်းသည် ပြည်ပရောက် မြန်မာပြည်သားများ၏ စုစည်းညီညွတ်မှုဖြင့် မြန်မာနိုင်ငံအတွင်းမှ နာရေးကူညီမှုကဲ့သို့သော လူမှုသူရဲကောင်းများကို နှစ်စဉ်ဂုဏ်ပြုနေသည့် အသင်းကြီးဖြစ်ပါသည်။

အခမ်းအနားတွင် ဦးမင်းကိုနိုင် ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို လေလံတင်ပြီး ရန်ပုံငွေရှာခဲ့ကြကာ ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော လူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်သူများအဖွဲ့က ရရှိခဲ့ပါသည်။

ထို့နောက် ဧည့်ပရိသတ်များကို မြန်မာ့အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နိုင်ငံကျော် CDM ဆိုင်းပညာရှင် မြန်မာပြည်ကျောက်စိမ်းမှ ဆိုင်းဝိုင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။

#MoCIT
#NUG

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများ စတုတ္ထ အကြိမ်မြောက် “စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား”ကျင်းပပြီးစီး

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများ စတုတ္ထ အကြိမ်မြောက် “စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား”ကျင်းပပြီးစီး

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများ စတုတ္ထ အကြိမ်မြောက် “စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား”ကျင်းပပြီးစီး

ရက်စွဲ။ ။ဇွန် ၁၄၊ ၂၀၂၄။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT)လက်အောက်ရှိ CDM ဝန်ထမ်းများ၏ စတုတ္ထ အကြိမ်မြောက် “စိတ်ခွန်အားဖြည့် တွေ့ဆုံပွဲ အခမ်းအနား”ကို ဇွန်လ ၂ရက်နေ့တွင် Online မှတဆင့် ကျင်းပပြီးစီးခဲ့ပါသည်။

တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင် နှင့် ရုံးအဖွဲ့၊ CDM Success Committee မှ တာဝန်ရှိသူများ၊ CDM ဦးစီးအရာရှိ ဦးကျော်သက်လင်း၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ အဆိုတော် LEO နှင့် (MOCIT) လက်အောက်ရှိ CDM ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်ထိ အခက်အခဲများကြားမှ တောင့်ခံပေးနေကြသော CDM ဝန်ထမ်းများကို ကျေးဇူးတင်လေးစားပါကြောင်း၊ စိတ်ဓာတ်မြင့်မြတ်သူတွေထံက မိမိတို့ကသာ စိတ်ခွန်အားပြန်လည်ရယူရမှာဖြစ်ပါကြောင်း၊ CDM လှုပ်ရှားမှုဟာ စစ်ကောင်စီကို တုန်လှုပ်စေတဲ့အထိ အောင်မြင်ခဲ့ပါကြောင်း၊ CDM ဖြင့်သာမက တော်လှန်ရေးအတွင်းကျရာကဏ္ဍတွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် ဝန်ထမ်းများကို အထူးလေးစားဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ CDM ကိုယ်စားလှယ်တစ်ဦးမှ စိတ်ခွန်အားဖြည့်ပွဲများကို ၄ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ CDM ကိုယ်စားပြုအဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့ကာ သင်တန်းများပို့ချခြင်း၊ ပညာမျှဝေခြင်းနှင့် သက်ဆိုင်ရာကိုယ်စားလှယ်များမှတဆင့် CDM များကို စုစည်းဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ထမ်းယန္တရားပေါ်ပေါက်လာရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။၊

CDM Success Committee တာဝန်ရှိသူတစ်ဦးမှလည်း ဝန်ထမ်းများက စိတ်ဓာတ်မကျဘဲ ရပ်တည်နေသည်ကို တွေ့မြင်ရ၍ များစွာဝမ်းမြောက်မိပါကြောင်း၊ အားပေးစကားပြောစရာမလိုအောင် ခိုင်မာတဲ့ဇွဲသတ္တိနဲ့ ရှိနေကြသည်ကို ဝမ်းသာမိပါကြောင်း၊ CSC အနေဖြင့်သာမက ဝန်ထမ်းများအချင်းချင်းအတူတကွ လက်တွဲလုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်မှ စစ်ကျွန်ဘဝမှ ရုန်းထွက်ကာ လွတ်လပ်သော ကိုယ်ပိုင်ရပ်တည်ချက်ဖြင့် တိုက်ပွဲဝင်နေသူများကို လေးစားဂုဏ်ယူပါကြောင်း၊ တော်လှန်ရေးရေချိန်မြင့်လာသည်နှင့်အမျှ အောင်ပွဲနှင့်နီးကပ်လာပြီဖြစ်ပါကြောင်း၊ မကြာသောကာလမှာ အချင်းချင်းအပြုံးပန်းများဖြင့်တွေ့ဆုံကြရမည်ကို စိတ်ခွန်အားထားကာ ရနိုင်သမျှနည်းလမ်းဖြင့် တော်လှန်ရေးအောင်မြင်ရန် ဆက်လက်ပါဝင်ပေးကြဖို့ စိတ်ခွန်အားဖြည့် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရဲဘော်ညောင်တုန်းနှင့်အဖွဲ့က တေးဂီတများဖြင့်လည်းကောင်း၊ အဆိုတော် Leo မှ “ယုံကြည်ရာ” သီချင်းဖြင့်လည်းကောင်း၊ CDM ဝန်ထမ်းများမှ ကဗျာများရွတ်ဆို၍လည်းကောင်း ဖျော်ဖြေခဲ့ကြပါသည်။

CDM ဦးစီးအရာရှိ ဦးကျော်သက်လင်းမှ စစ်မှန်သူသာ နောက်ဆုံးမှာ အနိုင်ယူမှာဖြစ်ပါကြောင်း၊ CDM စတင်ဝင်ရောက်စဉ်ကတည်းက အဆုံးသတ်ချိန်ထိပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါကြောင်း၊ ဗလငါးတန်ကို အသုံးပြုမှသာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲများကို လွတ်မြောက်နိုင်မည်ဖြစ်ပါကြောင်း အောင်စိတ် အောင်အတွေးဖြင့် ညီညွတ်စွာ စောင့်ထိန်းလုပ်ဆောင်သွားဖို့နှင့် စဉ်းစားတွေးခေါ်တတ်ဖို့လိုပါကြောင်း၊ အတူတကွရှိနေပါကြောင်း အတူကျော်ဖြတ်ကြရမည်ဖြစ်ပါကြောင်း စိတ်ခွန်အားဖြည့်စကားများပြောကြားခဲ့ပါသည်။

ထို့နောက် CDM ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်အဖြစ် CDM ဝန်ထမ်းများအား ကံစမ်းမဲအစီအစဉ်များဖြင့် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

#MoCIT
#NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ Smart Government Project အစီအစဉ်အရ Go.NUG စနစ်အား မိတ်ဆက်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ Smart Government Project အစီအစဉ်အရ Go.NUG စနစ်အား မိတ်ဆက်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ Smart Government Project အစီအစဉ်အရ Go.NUG စနစ်အား မိတ်ဆက်ခြင်း

ပြီးခဲ့သည့်နှစ်များအတွင်း NUG မှ အချက်အလက်ကောက်ယူသော Form များ ပေးပို့ခြင်းနှင့် သတင်းလင့်ခ်များပေးပို့ခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြရပါသည်။ မူရင်းလင့်ခ်များသည် လွန်စွာရှည်လျားသည့်အတွက် Social Media များတွင် ပြန်လည်ကူးယူ ဖြန့်ဝေရန် ခက်ခဲပါသည်။ ထို့အတွက်ကြောင့် အလွယ်တကူရရှိသည့် လင့်အတိုပြုလုပ်ပေးသော အခမဲ့ပလက်ဖောင်းများ အခပေးပလက်ဖောင်းများကို အသုံးပြုပြီး လင့်ခ်အတိုများကို ဖြန့်ဝေခဲ့ကြရပါသည်။

မူရင်းလင့်ခ်မှလွဲ၍ အခြားလင့်ခ်အတိုများသည် အမျိုးမျိုးသော ပလက်ဖောင်းများမှ မတူညီသော လင့်ခ်အမည်များရှိနေခြင်းကြောင့် NUG မှ ပြုလုပ်ထားကြောင်း အတည်ပြုရန် ခက်ခဲပါသည်။ အလွယ်ရရှိသော လင့်ခ်အတိုကောက်များကို အသုံးပြုခြင်းဖြင့် မသမာသူများက NUG၏ တရားဝင်လင့်ခ်ကဲ့သို့ အယောင်ဆောင်၍ အချက်အလက်များကို လိမ်လည်ရယူနိုင်ပါသည်။ အထူးသဖြင့် Google Form များသည် Gmail အသုံးပြုသည့် မည်သူမဆို အသုံးပြုနိုင်သည့်အတွက် မသမာမှုတစ်ခု ပြုလုပ်ရန် လွန်စွာ လွယ်ကူပါသည်။

ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cyber Security Department မှ SmartGov Team သည် Go.NUG စနစ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ အစိုးရမှပေးပို့သည့် လင့်ခ်များ (URL များ) သည် go.nugmyanmar.org မှစတင်ရမည်ဖြစ်ပြီး လိမ်လည်သူများသည် အဆိုပါလင့်ခ်များကို ပုံတူပွား၍ မရနိုင်ရန် NUG ဝန်ကြီးဌာနများမှလွဲ၍ အခြားမည်သူမှ go.nugmyanmar.org မှ လင့်ခ်များ ထုတ်၍မရနိုင်ရန် ပြုလုပ်ထားပါသည်။

သို့ဖြစ်ပါ၍အမျိုးသားညီညွတ်ရေးအစိုးရ နှင် အစိုးရဝန်ကြီးဌာနများမှ ပေးပို့သည့် လင့်ခ်များအားလုံးသည် go.nugmyanmar.org မှသာ စတင်ရမည်ဖြစ်ပြီး Go.NUG မှတဆင့် မသွားသော လင့်ခ်အတိုများသည် ရာနှုန်းပြည့် လုံခြုံစိတ်ချရသော လင့်ခ်များ မဟုတ်သောကြောင့် လင့်ခ်များကိုဖွင့်မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်ကို info.go.nugmyanmar.org တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ပြည်သူများအနေဖြင့် အစိုးရနှင့် ဆက်စပ်သောလုပ်ငန်းများမှ ပေးပို့လာသော လင့်ခ်များ (URL များ) ကို စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရန်အတွက် Go.NUG ကို မိတ်ဆက်လိုက်ပါသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


အပေါ်ရှိ YouTube Link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

#nug
#mocit