ပြည်ထောင်စုဝန်ကြီး

ဦးထင်လင်းအောင်

ပြည်ထောင်စုဝန်ကြီး

အမျိုးသားညီညွတ်ရေး အစိုးရ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသော ဦးထင်လင်းအောင် သည် ညောင်တုန်း မြို့ တွင်မွေးဖွားခဲ့ပြီး University of Maryland, USA မှ Bachelor of Computer Network and Security ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။

ဦးထင်လင်းအောင်သည် ရန်ကုန်စက်မှုတက္ကသိုလ် ( Yangon Institute Of Technology) ကို ၁၉၉၅ တွင် ဝင်ရောက်ပညာသင်ကြား ခဲ့ပါသည်။ ပညာသင်ကြားနေစဥ် ၁၉၉၆-၁၉၉၈ ကျောင်းသား လှုပ်ရှား မှုများတွင် ပါဝင်ခဲ့ပါသည်။ ပြည် စက်မှု နည်းပညာ တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှု ကို ဦးဆောင်မှုဖြင့် ၂၀၀၀ တွင် ထောင် ၇ နှစ် ကျခဲ့ပါသည်။ထောင်မှ လွတ်သော် မျိုးဆက်သစ် ကျောင်းသား လေးများအား အင်္ဂလိပ်စာ တိုးတက်ရန် နှင့် နည်းပညာ လေ့လာနိုင်ရန် ကွန်ပြူတာ သင်တန်း နှင့် အင်္ဂလိပ်စာ သင်တန်းကျောင်း ကို ထူထောင် ၍ စေတနာထား အခမဲ့ သင်ကြား ပေးခြင်းများဖြင့် ပြုစု ပျိုးထောင်ပေး ခဲ့ပါသည်။ ၂၀၀၇ တွင် USA က ဦးထင်လင်းအောင် အား International Visitors Leadership Program ကို ပါဝင်ရန် ဖိတ်ကြားခဲ့ပါသည်။

ဦးထင်လင်းအောင် သည် ရွှေဝါရောင် တော်လှန်ရေး တွင်ပါဝင်ခြင်းဖြင့် စစ်အာဏာရှင် တို့ ၏ လိုက်လံ ဖမ်းဆီးခြင်းကို ရှောင်တိမ်းလွတ်မြောက် ခဲ့ပါသည်။ ထို့ နောက် အမေရိကန် နိုင်ငံသို့ ၂၀၀၈ တွင် ရောက်ရှိ နေထိုင်ခဲ့ပါသည်။

ဦးထင်လင်းအောင် သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ၏ နိုင်ငံတကာ ရေးရာ ဆက်သွယ်ရေး ကိုယ်စားလှယ် အဖြစ် ဖေဖေါ် ဝါရီ လ ၂၂ ရက် ၂၀၂၁ တွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ယခုအခါ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် လည်း တာဝန်ထမ်းဆောင်နေ ပါသည်။