သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့်တွေ့ဆုံ

သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့်တွေ့ဆုံ

သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေး MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့် တွေ့ဆုံ

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်။

သတင်းအချက်အလက်များ မဟာဗျူဟာမြောက်စီးဆင်းနိုင်ရေးအတွက် MOCIT ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှ ပြန်ကြားရေး CDM များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ တွဲဘက်အတွင်းဝန်များ၊ မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications – BOSC )မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်နှင့် ပြန်ကြားရေး CDM များတက်ရောက်ခဲ့ကြပါသည်။

စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သတင်းမှန်များစီးဆင်းနိုင်မှုအပေါ် နိုင်ငံတကာနှင့် အများပြည်သူသိရှိနိုင်ရေး အရေးကြီးသည့် ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော လစ်လပ်နေရာများအတွက် ပြန်ကြားရေး CDM များနှင့် ပူးပေါင်းဆောင်ရွက်ကာ ပိုမွန်ကောင်းမွန်သည့် လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။

သတင်းမှန်များစီးဆင်းနိုင်ရေးလုပ်ဆောင်ရာတွင် ဗျူဟာမြောက်ပြည်သူ့ဆက်ဆံရေးကို အကျိုးရှိထိရောက်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မဟာဗျူဟာဆက်သွယ်ရေးဗျူရို ( Bureau of Strategic Communications – BOSC ) မှ ညွန်ကြားရေးမှူးချုပ် ဦးဟန်ဇော်လတ်မှ ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ BOSC အနေဖြင့် NUG အစိုးရနှင့် ပြည်သူကြား၊ NUG နှင့် ကမ္ဘာ့မီဒီယာများကြား၊ NUG နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကြားတွင် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနည်းလမ်းများဖန်တီးကာ ပိုမိုကောင်းမွန်သည့် ယုံကြည်မှုတည်ဆောက်နေသည့် အခြေအနေများနှင့် ကတိကဝတ် ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ပန်းတိုင်များကို ရှင်းလင်းပြောကြားပါသည်။

မီဒီယာ၊ ရုပ်သံလိုင်း၊ သတင်းထုတ်ဝေခြင်းကဏ္ဍ၌ လက်ရှိလုပ်ဆောင်နေမှုများနှင့် လိုအပ်လျက်ရှိသည့် တိုင်းရင်းသားဘာသာနှင့် English ဘာသာဖြင့် သတင်းတင်ဆက်မှုလုပ်ငန်းများတွင် ပြန်ကြားရေး CDM များအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးနိုင်ရေး ‌ ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေး CDM ပညာရှင်များမှ လိုအပ်သည့်ပညာရပ်များကို ပြန်လည်ပို့ချပေးခြင်းနှင့် တစ်ဦးချင်းစီအလိုက်လုပ်ဆောင်ပေးနိုင်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်သင့်သည်များ ပြည်သူ့ဆက်ဆံရေးကဏ္ဍပိုမိုထိရောက်ကောင်းမွန်လာစေရေးနှင့် လက်တွဲညီညီ ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များချမှတ်ကာ ပြန်ကြားရေး CDM များနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

#MOCIT

#NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊  ၅ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ CDM Success Committee ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CDM သူရဲကောင်းများတက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းမှာ နေထိုင်ကြရသည့် CDM များ၏ အခက်အခဲများကို များစွာစာနာ ပါကြောင်း၊ ယခုအချိန်ထိ ကြံ့ကြံ့ခံဇွဲရှိရှိဖြင့်ပါဝင်ပေးနေသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုအခါ စနစ်ပြောင်း ကာလဖြစ်သည့်အတွက် အချိန်ကာလကြာမြင့်ခဲ့ကြောင်း၊ ရက်စက်သည့် အာဏာရှင်ဖြင့် ရင်ဆိုင်နေရသဖြင့် ယနေ့ထိတော်လှန်ရေးတွင် ပါဝင်ပေးနေသည့်အတွက် များစွာလေးစားမိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ CDM အောင်နိုင်ရေးကော်မတီ (CDM Success Committee) ကိုယ်စား တက်ရောက်ချီးမြှင့်ပေးပါသော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ CDM တွေ့ဆုံပွဲကို ဖိတ်ကြားခံရသည့်အတွက် များစွားဝမ်းမြောက်မိပါကြောင်း၊ ၃ နစ်ကြာသည့်တိုင် အခက်ခဲများကြားမှ CDM ကို ယုံကြည်ချက် ကြောင့်ပြုလုပ်နေကြသည့်အတွက် အားလုံးကို အလေးပြုပါကြောင်း၊ ယခု ၃ နှစ်သည် ရက်စက်ကြမ်းကြုတ်သည့် နှစ်များဖြစ်ပါကြောင်း၊ CDM များ၏ သတ္တိကို ကမ္ဘာကအသိအမှတ်ပြုလောက်သည့်အထိ ပြသနိုင်ခဲ့ပါကြောင်း၊ နွေဦးတော်လှန်ရေးတွင် CDM လှုပ်ရှားမှုသည်ဦးဆုံးဖြစ်ပါကြောင်း၊ ယင်းအရှိန်အဟုန်မှတဆင့် တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လျက်ပါဝင်လာကြသည်ဖြစ်ကြောင်း၊  CDM ဆိုသည်မှာ ခေတ်အဆက်ဆက်တွင်မရှိခဲ့ကြောင်း၊ အခွင့်အရေးတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနာဂတ်တစ်ခုလုံးပြောင်းလဲမှုတွင် သားစဉ်မြေးဆက်အတွက် ဂုဏ်ယူစရာဖြစ်ရပ် ဖြစ်ပါကြောင်း၊ သမိုင်းကိုရေးနေခြင်းဖြစ်ကြောင်း၊ သွေးချွေးအသက်များဖြင့် အချို့ CDM များမှာ နိုင်ငံ့သူရဲကောင်းအဖြစ် အသက်ပေးလှူသွားကြပြီဖြစ်ကြောင်း၊ နိုင်ငံကိုချစ်သည့် အနာဂတ်ကိုဖာထေးနေသည့်သူများဖြစ် ကြောင်း၊ အနာဂတ်တစ်ခုလုံးသည် ဆရာဆရာမတို့လက်ထဲတွင်ရှိကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ Rebuilding တွင်ပါဝင်နိုင်ရေး မဟာဗျူဟာရေးဆွဲထားပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများရရှိနိုင်ရေးအစွမ်းကုန်ကြိုးစားနေပါကြောင်း စိတ်ခွန်အားဖြည့် အမှာစကားပြောကြားခဲ့ပါ သည်။

ထို့နောက် CDM ဝန်ထမ်းများမှ ယခုလိုပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခွင့်ရသဖြင့် များစွာကျေးဇူးတင်ကြာင်း၊ စိတ်ခွန်အားများရရှိပါကြောင်းနှင့် ဝန်ကြီးဌာနမှဖွင့်လှစ်ပေးသည့် သင်တန်းတက်ရောက်နိုင်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်များ၊ ထောက်ပံ့ငွေအစီအစဉ်များ၊ CDM ရေးရာကိစ္စရပ်များနှင့်ဆက်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး စိတ်အားတက်ကြွစေသည့် တေးသီချင်းများသီဆိုခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ ကံစမ်းမဲအစီစဉ်များပြုလုပ်ခြင်း၊ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းတို့ကို ရင်းရင်းနှီးနှီးပြုလုပ်ခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် “အရေးတော်ပုံ အောင်ရမည်” ၃ ကြိမ်ရွတ်ဆိုကာ တွေ့ဆုံပွဲကို ရပ်နားခဲ့ပါသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

 

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနပေါင်းစုံဝန်ထမ်းများ နှစ်သစ်တွေ့ဆုံပွဲတစ်ရပ်ကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် အွန်လိုင်းမှတဆင့်ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ Radio NUG၊ Information Technology ဦးစီးဌာန၊ Finance and Administration ဦးစီးဌာန၊ Telecommunications ဦးစီးဌာန၊ BOSC ဌာန တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအတွက် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ချီးကျူးပါကြောင်း ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့သည်။
” ဒီတော်လှန်ရေးမှာ နေ့တွေ ညတွေမရှိဘူး တစ်ရက်မှကိုမနားဘူး ကျွန်တော်တို့အပါအဝင် အားလုံးက အလုပ်လုပ်နေကြတဲ့အတွက်လည်းကျေးဇူးတင်တယ် ဒီလိုလုပ်ခဲ့လို့လဲ နွေဦးတော်လှန်ရေးက ဒီလောက်အထိအောင်မြင်လာတာဖြစ်တယ် ဒါကို အကုန်လုံးအတွက်ကို ချီးကျူးပါတယ် ဂုဏ်လဲယူပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန်တစ်ဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
“ဆက်သွယ်ရေးကဏ္ဍနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ ၂၀၂၃မှာ အခက်အခဲတွေ အများကြီးတွေ့ကြုံခဲ့ရပေမယ့် မြေပြင်မှာရှိတဲ့လူတွေနဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားထုတ်မှုတွေကြောင့် အောင်မြင်ခဲ့တယ် ဒါကြောင့် ၂၀၂၄မှာလည်း အားလုံးစည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်သွားကြမယ် ဒီနေ့တော်လှန်ရေးမှာ ပါဝင်ပေးနေတာဟာ သမိုင်းဝင်မယ့် လုပ်ဆောင်ချက်တွေသာဖြစ်ပါတယ် “ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန်တစ်ဦးမှ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ ဦးစီးများက လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ အောင်မြင်အောင်လုပ်ဆောင်ခဲ့မှုများ၊ မလျှော့သောဇွဲလုံ့လများဖြင့် မရပ်မနားတိုက်ပွဲဝင်ခဲ့ရမှုများ၊ တော်လှန်ရေးကာလအတွင်း နောက်ကွယ်မှ ပြန်ကြားမှု၊ နည်းပညာအပါအဝင် အင်တာနက်ရရှိရေး အောင်မြင်အောင်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့ပြင် ဝန်ကြီးဌာနလက်အောက်တွင် မြေပြင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆက်သွယ်ရေးမြို့နယ်/ခရိုင်တာဝန်ခံများကလည်း မြေပြင်တွင်တွေ့ကြုံရသည့် မပြေလည်မှုများကို စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး လုပ်နိုင်စွမ်းရှိသလောက် ပါဝင်မည်ဖြစ်ကြောင်း၊ ရာထူးဌာနန္တရ အခွင့်အရေးများနှင့် မိသားစုကို စွန့်လွှတ်ကာ ဌာနတွင် ပါဝင်လုပ်ကိုင်ပေးနေသည့် CDM ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ခရိုင်တာဝန်ခံများ၏ တော်လှန်ရေးကာလအတွင်း ပါဝင်လုပ်ဆောင်ခဲ့မှုများကို မှတ်ကျောက်တင်ထားပါကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ တာဝန်ခံတစ်ဦးက ဆက်သွယ်ရေးခက်ခဲမှုကြောင့် သူကြုံတွေ့ခဲ့ရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တခုကို မျှဝေခဲ့ပါသည်။ ထိုအဖြစ်အပျက်မှာ စစ်မြေပြင်တွင် အန္တရာယ်ကြုံကြိုက်နေချိန် ရိက္ခာလာပို့သည့်ရဲဘော်တစ်ဦးအား အချိန်မီမဆက်သွယ်နိုင်သဖြင့် ရန်သူ့လက်ကျရောက်၍ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရမှုများ ဖြစ်ပါသည်။ ထို့ကြောင့် အခုကာလမှာ မြေပြင်တွင် အင်တာနက်ရရှိအောင် ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဝန်ထမ်းများသည် ချစ်ခင်ရင်းနှီးစွာဖြင့် ဉာဏ်စမ်းမေးခွန်းအစီအစဉ်ကို ပျော်ရွှင်စွာကစားခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တော်လှန်ရေးအင်အားစုများကို ထပ်မံကျေးဇူးတင်ရှိပါကြောင်း၊ ခဏတာစိတ်ပျော်ရွှင်မှုနှင့် ဌာနတွင်းစည်းလုံးညီညွတ်မှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း အောင်ပွဲနှင့်အတူပြန်နိုင်ဖို့ ပိုမိုကြိုးစားသွားရမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ထို့နောက်
“အရေးတော်ပုံ အောင်ရမည်” ၃ကြိမ်ကြွေးကြော်ကာ အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

#mocit

ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများနှင့် ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်ခြင်း

ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများနှင့် ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်ခြင်း

MOCIT ဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်ခြင်း

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်

၃၀ စက်တင်ဘာ၊ MOCIT
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် နှင့် ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ စက်တင်ဘာ ၂၉ရက်နေ့က အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အဆင်မပြေမှုတွေကြားထဲမှ ယနေ့ထိကြံ့ကြံ့ခံပေးနေသော သူရဲကောင်း CDM များကို ဦးစွာကျေးဇူးတင်ကြောင်း၊ စားဝတ်နေရေးအပြင် စစ်ကောင်စီမှ လိုက်လံဖမ်းဆီးမှုများကို ရင်ဆိုင်နေကြရကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှုနှင့် သူမ၏ စံနမူနာ စိတ်ဓတ်များကို ဉပမာပေးပြောကြားခဲ့သည်။
Psychosocial Support အဖြစ် တွေဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ လွတ်လပ်ရေးရချိန်ကစလို့
၆၂ခုနှစ်အာဏာသိမ်းကတည်းက လက်နက်ကိုင်တော်လှန်ရေးစတင်ပေါ်ပေါက်လာကြောင်း ဆက်လက်တိုက်ပွဲဝင်နေကြကြောင်း ၈၈အရေးအခင်းကစလို့တော်လှန်ရေးမှာ ပါဝင်ခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်များဖြင့် ယှဉ်တွဲပြောကြားခဲ့ပါသည်။
“ကျွန်တော်ကိုယ်တိုင်ကျောင်းသား ဘဝမှာထောင်ကျတယ် ထောင်ကျတဲ့အချိန်မှာ ကျွန်တော့သူငယ်ချင်းဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတယ်’ထောင်တွင်းဆူပူမှုကြောင့် ဆိုပြီးကျနော်အပါ စစ်ခွေးတိုက် ကို ပို့ခံရတယ် နှိပ်စက်ညှင်းပန်းမှုတွေပေါ့ဗျာ”
“ဂဝံကျောက်တွေအပေါ်မှာ လေးဘက်သွားရတယ် ခြေထောက်မှာ ခြေကျင်းခတ်ထားတယ် ခြေကျင်းနှစ်ဘက်ကို သံချောင်းနဲ့ ဟိုဘက်ဒီဘက် ဘားကြီးထည့်ထားတယ် လေးဘက်သွားနေချိန်မှာ နပတ်ဒုတ်တွေနဲ့ အပေါ်ကနေ ကျောကုန်းတွေကို ရိုက်တယ် ဝမ်းတွေဘာတွေမထိန်းနိုင်ဘဲထွက်သွားတဲ့သူတွေပါရှိတယ် နားတွေပင်းကိုယ်လက်အင်ဂါထိခိုက်သည်အထိ နှိပ်စက်ခံရတယ်” ဟု ဝန်ကြီးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှုအခြေအနေများကို အချင်းချင်း ဖေးမကာ ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး CDM ဝန်ထမ်းများ၏ ကဗျာရွတ်ဆိုမှု၊ သီချင်းသီဆိုမှုအစီအစဉ်နှင့် ဝန်ကြီးဌာနနှင့် ဝန်ထမ်းများအချင်းချင်းရင်းရင်းနှီးနှီး စိတ်ခွန်အားဖြည့်စကားများပြောကြားခဲ့ပါသည်။
အစီအစဉ်နောက်ဆုံးအဖြစ် ကံစမ်းမဲများ၊ နွေဦးထီလက်မှတ်များနှင့် လက်ဆောင်ပစ္စည်းတို့ကို မဲဖောက်ကာ အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။
#CDM
#NUG
#MOCIT
News and Event (01/2023)

News and Event (01/2023)

The Republic of the Union of Myanmar, National Unity Government

Kickstarting “MMTV”

Kickstarting “MMTV”
14th March 2023

Bureau of Strategic Communications(BOSC) , Ministry of communications, Information, and Technology, National Unity Government of Myanmar is pleased to announce a test run program of MMTV to create better communication between NUG and the people and between NUG and world media. MMTV’s news programs will be piloted to develop better connections between NUG and international-wise connections. In order to make accurate and relevant information accessible to the public in a timely manner and efficiently across borders, the news of what is happening in Myanmar will be broadcast and distributed in English. You can watch and read our news at www.mmtvnews.com and on our various official social media platforms as well.

Facebook : https://www.facebook.com/MyanmarTVnews?mibextid=LQQJ4d

Twitter : https://twitter.com/myanmartvnews?s=11&t=ZeBsMSsnjkAXxd6HHvUPlA

Instagram : https://instagram.com/mmtv.news?igshid=YmMyMTA2M2Y=

#MMTV

News and Event (01/2023)

News and Event (02/2021)

The Republic of the Union of Myanmar, National Unity Government

Kickstarting “Radio NUG”
Kickstarting “Radio NUG”
18th Aug 2021


To stay connected with the people, NUG has been working on a radio broadcast program, called Radio NUG. We would like to inform that a test run of this program will be taking place on 20th Aug 2021 at 8 am and 8 pm. You can listen to the program at 16Mhz 17.71 frequency. As this is a test run, we would appreciate it if you could give us feedback on the quality of the sound. You can give feedback by sending us a voice-recorded file of the program.
Radio NUG will be broadcasted for 30 minutes, twice a day at 8 am and 8 pm on a daily basis. At least 10 Band Digital Radio is recommended, and we encourage each household to buy so that we can stay connected.
#RadioNUG