ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ

လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအတွက်ကော်မရှင်ဖွဲ့စည်းခြင်း

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၂/၂၀၂၁)
ဇူလှိုင် လ (၁) ရက်၊ ၂၀၂၁
———————————————-
လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအတွက်ကော်မရှင်ဖွဲ့စည်းခြင်း
———————————————-
ကယ်ဆယ်ရေးလုပ်ငန်းများဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာလမ်းညွှန်ချက်များချမှတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်ရန်နှင့်မြန်မာနိုင်ငံသည်သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြုံတွေ့နေရချိန်တွင်အရေးပေါ်တုန့်ပြန်မှုများပြုလုပ်ရန်၊ အမျိုးသားစည်းလုံးညီညွှတ်ရေးအစိုးရသည်အောက်ဖော်ပြပါလူပုဂ္ဂိုလ်များနှင့်အတူလူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မရှင်ကိုထူထောင်သည်။ ကော်မရှင်သည်အဖွဲ့ဝင်များကိုတိုးချဲ့ပြီးလုပ်ငန်းကော်မတီများကိုလိုအပ်ပါကဖွဲ့စည်းလိမ့်မည်။