အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဒုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် Charlotte မြို့မှ ဒေသခံမြန်မာတိုင်းရင်းသားများနှင့် တွေ့ဆုံ

၂၀၂၄ ခုနှစ်၊ မေ ၅

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့် မြန်မာတိုင်းရင်းသားများက မေလ ၄ ရက်နေ့မှာ တွေဆုံခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသူများကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး နွေဦးတော်လှန်တော်လှန်ရေး​၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် ယခုနွေဦးတော်လှန်ရေး ပြောင်းလဲလာမှု အခြေအနေများသည် နိုင်ငံတကာနှင့် ဆက်သွယ်ရေးတိုးတက်မှုများ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ​၏ ထောက်ပို့မှုများကြောင့်ဖြစ်ပြီး ဆက်လက်၍ ပြည်သူလူထုနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ စုစုစည်းစည်း ချီတက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ကြသည်။

တက်ရောက်လာသူများ​ကလည်း တော်လှန်ရေးနှင့်ပတ်သက်သော မေးခွန်းများ၊ NUG အစိုးရ​၏ လုပ်ဆောင်နေမှုများနှင့် ပတ်သက်သောမေးခွန်းများကိုမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။
အဆိုပါပွဲကို 1Brick1Sand-Charlotte NC အဖွဲ့က Organize လုပ်ကာ တော်လှန်ရေးရံပုံငွေ ဈေးရောင်းပွဲတော် နှင့်အတူကျင်းပခဲ့ခြင်းဖြစ်သည်။

Photo by KyawSoe Latt